ကံပေါက်ဒေသမှ ညပိုင်း ဆိုင်ကယ် ပြောက်ကျားသပိတ်
DVB
·
May 25, 2021
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ပြည်သူတွေဟာ မေ ၂၄ ရက် ညနေပိုင်းမှာ ဆိုင်ကယ် ပြောက်ကျားသပိတ်လုပ်ပြီး တော်လှန်ခဲ့ကြပါတယ်။
ညနေဘက် ၅ နာရီ ၅၀ လောက်မှာ သပိတ်စစ်ကြောင်းလုပ်ဖို့ လူစုနေတုန်း အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး သေနတ်ပစ်ဖောက် လူစုခွဲခဲ့ကြပါတယ်။
သူတို့ရောက်လာတဲ့အချိန်မှာတော့ ပြည်သူတွေဟာ အချိန်မီ လူစုခွဲနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံခဲ့ရခြင်းတော့ မရှိခဲ့ပါဘူး။
ကံပေါက်မှာတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတာဟာ မေ ၂၄ ရက်မှာတော့ ၁၀၆ ရက်မြောက်ရှိပြီ ဖြစ်ပါတယ်။