စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် မလင်းရွာအနီး ချင်းတွင်းမြစ်ထဲ ရှမ်းနီ SNA တပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
SNAတာဝန်ရှိသူတစ်ဦးက “ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ချင်းတွင်းမြစ်ထဲ ကျောက်စိမ်းတွေ တင်လာခဲ့တဲ့ စက်လှေကို ဝင်တိုက်တာပါ။ ဦးပိုင်ကုမ္ပဏီက ခန္တီးကနေ မန္တလေးကို ကျောက်စိမ်းတွေသယ်ပို့တဲ့ စက်လှေကိုဝင်တိုက်တာပါ။ အဲဒီမှာလုံခြုံရေးယူပေးတဲ့ အကြမ်းဖက်စစ်တပ်က ပါလာတယ်။ ကျနော်တို့လမ်းခရီးကနေ တိုက်တယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့တယ်။ ထိခိုက်တာတွေ မရှိဘူး” လို့ ပြောပါတယ်။
ခန္တီးမြို့နယ် နန်းစီပွန်မှာ မနေ့က ကေအိုင်အေ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့မှာ SNA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။