ကနီမြို့နယ် မြောင်းကုန်းကျေးရွာမှာ စစ်ကောင်စီရဲ့တပ်တွေ တပ်စွဲပြီး ဒေသခံကျေးရွာသားတွေရဲ့ အခြေခံစားသောက်ကုန်တွေကို အဓမ္မယူဆောင်နေကြတယ်လို့ ကျေးရွာသားဆီက သိရပါတယ်။
စစ်ကောင်စီတပ်ယာဉ် ၆ စီးနဲ့ တပ်သား ၁၀၀ လောက်က ကနီမြို့နယ် မြောင်းကုန်းရွာစာသင်ကျောင်းမှာ တပ်စွဲထားတာလို့ ဆိုပါတယ်။
ကျေးရွာသားတစ်ဦးက “ဒီကောင်တွေက ကျနော်တို့ကျေးရွာအတွင်းက ဆန်၊ ဆီ၊ ဆား၊ T.V စတဲ့ အခြေခံစားသောက်ကုန်တွေနဲ့ သူတို့လိုချင်တဲ့ ပစ္စည်းမှန်သမျှကိုယူတယ်။ အိမ်မှာမွေးထားတဲ့ ကြက်၊ ဝက်၊ နွားကိုလည်း ပိုင်ရှင်မပေးဘဲ သတ်ဖြတ် ချက်စားတယ်” လို့ ပြောပါတယ်။
ကနီမြို့နယ်က မြောင်းကုန်းကျေးရွာဟာ မိုးရာသီ ဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာဖြစ်ပြီး မေ ၂၂ ရက်က စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ အနီးဆုံးကျေးရွာတစ်ရွာ ဖြစ်ပါတယ်။
မြောင်းကုန်းဒေသခံတွေဟာ မိရိုးဖလာ တောင်သူလုပ်ငန်းကို လုပ်ကိုင်စားသောက်နေတဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။