မန္တလေးမြို့ အောင်မြေသာစံမြို့နယ် (၈၃) လမ်း၊ (၂၅) လမ်း နဲ့ (၂၆)လမ်းကြားရှိ ပိုင်ရှင် ဦးစိုင်းစိုးခွန်နောင်းရဲ့ စားသောက်ဆိုင်ဟာ မေ ၂၃ ရက် မနက် ၃ နာရီ ၄၀ မိနစ်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီစားသောက်ဆိုင်ဟာ RC (၂) ထပ်အဆောက်အအုံဖြစ်ပြီး အောက်ထပ်ကောင်တာပေါ်က ဘုရားစင်ပေါ်မှာ ပူဇော်ထားတဲ့ LED မီးစကြာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။
မီးလောင်မှုကြောင့် မျက်နှာကြက်အနည်းငယ်နဲ့ အတွင်းပစ္စည်း စုစုပေါင်း ကျပ် ၁၂ သိန်း ခန့် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
မီးလောင်ရာကို တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနက သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် (၄) နာရီ ၃၀ မိနစ်လောက် မီးလုံးဝငြိမ်းခဲ့ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ အမှတ်(၅) နယ်မြေရဲစခန်းက ဆိုင်ပိုင်ရှင်ကို ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။