ကနီမြို့နယ်မှာ မေ ၂၂ ရက်နေ့က ဒဏ်ရာရ အာဏာသိမ်းတပ်သားတွေကို တင်ဆောင်လာတယ်လို့ ယူဆရတဲ့ ယာဉ်တစီး လယ်ရှည်ဇရပ်အနီးမှာ မိုင်းထိခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်အုပ်စုနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့ပါတယ်။
အဲလိုဒဏ်ရာရရှိတဲ့ အာဏာသိမ်းစစ်အုပ်စုဘက်က သူတွေကို ဆေးကုသဖို့ မုံရွာမြို့ကို ပြန်လာတဲ့ကား မိုင်ထိတာလို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက DVB ကို အတည်ပြုပြောဆိုပါတယ်။
"ကနီအထက်ဘက်တိုက်ပွဲကနေ ထိခိုက်လာတဲ့ သူတွေတင်လာတဲ့ ကားထင်တယ်ဗျ။ မိုင်းမိတာကတေ့ာဟုတ်တယ်။ ကားအပေါ်မြှောက်သွားတယ်။ မိုင်းက ကားနောက်ပိုင်းကို မိတာကြောင့် အပျက်စီး ထိခိုက်မရှိလောက်ဘူး။”
အခုအချိန်အထိ ကနီနယ်အတွင်း နှစ်ဖက်တင်းမာမှုတွေရှိနေပြီး ပြည်သူဘက်က ၉ ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး တိုက်ပွဲမငြိမ်သက်သေးတာကြောင့် နှစ်ဖက် ဒဏ်ရရသူစာရင်းကို အတည်ပြုလို့ မရနိုင်သေးပါဘူး။