မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် နဲ့ နွားထိုးကြီးမြို့နယ်တွေက ရွာတချို့မှာ မေ ၂၂ ရက်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ဝင်ရောက်ပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေ ယူဆောင်ကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
နွားထိုးကြီးမြို့နယ်ထဲက ခံစပ်ကုန်းရွာ၊ မြင်းခြံမြို့နယ်ထဲက ပျားရွာတို့ကို ဝင်ရောက်ပြီး ဆိုလာ၊ စလောင်းတွေ ဖြုတ်သိမ်းတဲ့အပြင် ပြည်သူတွေရဲ့ ဆန်အပါအဝင်ပစ္စည်းတွေလည်း ယူဆောင်သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“စစ်သားတွေ ရာချီတယ်။ စလောင်းတွေ၊ ဆိုလာတွေ ဖြုတ်ယူပြီး ဆန်တွေ ပါယူသွားကြတယ်။ စကြာတောင်ပေါ်လည်း တက်ပြီး ဗေဒင်မေးတဲ့သူတွေလည်း ဖမ်းသွားတယ်လို့ အသံကြားတယ်”
မေ ၂၁ ရက်ကလည်း ပန်းရံလုပ်ပြီးပြန်လာတဲ့ ကူကုန်းရွာနေသူ ၁၇ ဦးကို အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။