Home
မြန်မာသတင်း
စစ်ဘေးရှောင်များကို ကူညီရန်ပြင်ဆင်နေသည့် သီပေါမြို့က လူငယ် ၁၀ ဦး ဖမ်းဆီးခံရ
DVB
·
May 19, 2021
thipaw

စစ်ဘေးရှောင်ပြည်သူတွေကို  သွားရောက် ကူညီပေးဖို့  ပြင်ဆင်နေတဲ့ သီပေါမြို့က လူငယ် ၁၀ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက မေလ ၁၉ ရက် ဒီကနေ့ညနေပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ မျက်မြင်ဒေသခံ တစ်ဦးက ပြောပါတယ်။

"၆ နာရီခွဲ ဝန်းကျင်မှာ မြန်မာရပ်ကွက် ရေခဲစက်လမ်းမှာဖြစ်တာပါ။ လူငယ်တွေက မနက်ဖြန်သွားလှူဖို့ ကားပေါ်တင်နေတာ။ အဲ့ချိန်မှာလာဆွဲတာပါ။ မန်လီဘက်စစ်ဘေးရှောင်သွားလှူဖို့ပါ။" လို့ သီပေါမြို့ခံက ပြောပါတယ်။

သီပေါမှာ စစ်ဘေးရှောင်အတွက်ပစ္စည်းတွေကားပေါ်တင်နေတုန်း သူငယ်ချင်း ၉ ယောက်ဖမ်ဆီးခံရတယ်လို့ သူတို့နဲ့  နီးစပ်သူတစ်ဦးကလည်း အတည်ပြုပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ကားသမားအပါအဝင် လူငယ်တွေကို မတရားလာရောက် ဖမ်းဆီး သွားပြီး စစ်ရှောင်စခန်းအတွက် လှူဒါန်းမယ့်ပစ္စည်း တချို့ပါသိမ်းသွားတယ်လို့ မြို့ခံ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ 

ဖမ်းဆီးခံရတဲ့ လူငယ်တွေကတော့  ကျော်ဇင်နိုင်၊ ပြည့်စုံအောင်၊ ကောင်းခန့်စံ၊ ကောင်းသက်ပိုင်၊ ငြိမ်းထက်အောင်၊ ကောင်းခန့်စည်၊ ကျော်ဇင်လတ်၊ ဝင်းထွဋ်ဝင်း၊ နေစည်သူဝင်းနဲ့ ခန့်နေသွေးညီတို့ ဖြစ်ကြပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့အကြား မတ်လ ကုန်ပိုင်း ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး စစ်ရှောင်ပြည်သူတွေ ထောင်ချီရှိကာ စစ်ရှောင်စခန်း အနည်းဆုံး ၁၀ နေရာ အထက်ရှိပါတယ်။

Photo Crd# SJ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024