ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၄ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ မေ ၁၈ ရက် ဒီနေ့ ညပိုင်း ည ၈ နာရီခွဲကျော်လောက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
ဗုံးပေါက်ကွဲတဲ့ အသံကိုကြားခဲ့ပြီး သွားကြည့်လိုမရသေးလို့ ထိခိုက် ဒဏ်ရာရရှိမှုအခြေအနေမသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာ ရဲနဲ့စစ်တပ် လက်နက်ကိုင်တွေရောက်ရှိလာပြီး စစ်ဆေးနေပါတယ်။
ဒီကနေ့ မနက်အစောပိုင်းက လမ်းမတော်မြို့မှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲ ၃ ဦးဒဏ်ရာရပြီး အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ လမ်းပေါ်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။