ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မော်ကျေးရွာ ဆန်းရွှေကုမ္ပဏီလုပ်ကွက်မှာ ကျောက်စိမ်းလုပ်ကွက် မြေစာပုံပြိုကျပြီး ပျောက်ဆုံးနေတဲ့ မောင်လမင်းသာ (၂၂ )နှစ်ရဲ့ အလောင်းကို ဒီကနေ့ နေ့လည်ပိုင်းက တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူ မောင်လမင်းသာရဲ့ အလောင်းကို ၄ ရက်အကြာမှာ ပြန်လည်တူးဖော်ရရှိခဲ့တာ ဖြစ်ပြီး ဒီညနေ ၄ နာရီမှာ မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်မောကျေးရွာရှိ ဆန်းရွှေကုမ္ပဏီမှာ မေ ၁၅ ရက် ည ၈ နာရီလောက်က လက်လုပ်ကျင်းသား ၈ ဦး အပေါ် မြေစာပုံပြိုကျခဲ့တာဖြစ်ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကာ တစ်ဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။
Photo-CJ