ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က CDM ပြုလုပ်နေတဲ့ ဆရာ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်း ၁၃၄ ယောက်ကို စစ်ကောင်စီက တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။
သင်ကြားရေးနဲ့ စီမံဝန်ထမ်း ၁၃၄ ယောက်ဟာ ခွင့်စည်းကမ်းကိုဖောက်ဖျက်ပြီး တာဝန်ချိန်ပျက်ကွက်နေတာကြောင့် မေ ၇ ရက်ကစလို့ တာဝန်ကရပ်ဆိုင်းတာလို့ စစ်ကောင်စီလက်အောက်ခံ တိုင်းပညာရေးမှူးက မေလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တာဝန်ကနေရပ်ဆိုင်းခံရသူတွေအထဲမှာ အထက်တန်းပြ ၁၈ ယောက်၊ အလယ်တန်းပြ ၇ ယောက်၊ မူလတန်းကျောင်းအုပ် ၁၅ ယောက် ပါဝင်ပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ စာသင်ကျောင်းတွေကို ဇွန်လဆန်းမှာ ပြန်ဖွင့်ဖို့ စီစဉ်နေသလို CDM ဆရာဆရာမတွေကိုလည်း ဖမ်းဆီးတာ၊ အမှုဖွင့်တာ၊ အလုပ်ရပ်နားတာ၊ အလုပ်ပြန်လုပ်ဖို့ ဖိအားပေးတာ ခြိမ်းခြောက်တာစတဲ့ နည်းမျိုးစုံနဲ့ ပြုလုပ်နေပါတယ်။