မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၊ (၁၁၄) လမ်း၊ (၄၆) လမ်းနဲ့ (၄၇)လမ်းကြားရှိ နေအိမ်တလုံးမှာ မေ ၁၇ ရက် မနက် ၁၀နာရီ ၃၉ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
အိမ်ငှား ဦးစည်သူသန်းရဲ့ RC (၂) ထပ်နေအိမ်အပေါ်ထပ်ရှိ အိပ်ခန်းအတွင်းမှာ အသုံးပြုတဲ့ (၁) ပေပတ်လည် စားပွဲတင်ပန်ကာဖွင့်ထားခဲ့ရာမှ ပန်ကာအတွင်းရှိ ကွိုင်အပူလွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာပါ။
မီးလောင်မှုကြောင့် အခန်းအတွင်းထဲရှိ ပန်ကာ၊ ဘီရိုနဲ့ အဝတ်အစား အနည်းငယ် မီးလောင်ကျွမ်းခဲ့ရာ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ကျပ် သုံးသောင်းခန့် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
မီးလောင်မှု ဖြစ်ပွားရာကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုး ဦးဆောင်ပြီး သွားရောက်ငြိမ်းသတ်ခဲ့ရာ မနက် ၁၀နာရီ မိနစ် ၅၀ မှာ မီးလုံးဝငြိမ်းခဲ့ပါတယ်။
ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်နယ်မြေရဲစခန်းက အိမ်ဌား ဦးစည်သူသန်းအား ပုဒ်မ(၂၈၅) နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။