မကွေးခရိုင် မကွေးမြို့နယ် အတွင်းမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာတွေစုပေါင်းပြီးတော့ မကွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MGY-PDF) ကို NUG အစိုးရရဲ့ လမ်းညွှန်ချက်မူဝါဒတွေ အတိုင်း လိုက်နာကာ မေလ ၁၅ ရက်နေ့မှာ စတင် ဖွဲ့စည်းလိုက်ပြီလို့ ထုတ်ပြန်ကြေညာထားပါတယ်။
မကွေးခရိုင် မကွေးမြို့နယ် ရပ်ကွက်ကျေးရွာအတွင်းမှာရှိတဲ့ မိဘပြည်သူညီအကို မောင်နှမတွေအနေနဲ့ မကွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ပူးပေါင်းကာ အာဏာရှင် အကြမ်းဖက် စစ်သွေးကြွအဖွဲ့ကို အတူတကွ အမြစ်ဖြတ် တိုက်ခိုက်ချေမှုန်းသွားကြဖို့ နှိုးဆော် အသိပေးထားပါတယ်။
စစ်အာဏာရှင်ဆန့်ကျင့်ရေးတော်လှန်ရေးသမားတွေကိုလည်း အမြဲထာဝရ နွေးထွေးစွာ လက်ကမ်းကြိုဆိုနေမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။