Home
မြန်မာသတင်း
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထီးလင်း(ယော)ဖွဲ့စည်း
DVB
·
May 15, 2021
186510186_2583364251965020_2028354232580489007_n

ထီးလင်း(ယော)ဒေသအတွင်းမှာရှိတဲ့ ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားရပ်ရပ်တွေက အကာကွယ်ပေးဖို့ မေလ ၁၄ ရက်နေ့ရက်စွဲနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထီးလင်း(ယော) ကို ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ထီးလင်း(ယော) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ NUG ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့လမ်းညွှန်မှုကို လိုက်နာဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

PDF (ထီးလင်း) ဟာ ထီးလင်းမြို့နယ်ထဲမှာရှိတဲ့ လူငယ်အင်အားတွေနဲ့ဖွဲ့စည်းထားပြီး အာဏာသိမ်းစစ်ကောင်စီကို အမြစ်ပြတ် ချေးမှုန်းနိုင်ဖို့ အဆုံးသတ်တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားပြီး ပြည်သူကို ကာကွယ်ကာ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသူတွေဟာ PDF(ထီးလင်း)တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

PDF ထီးလင်းရဲ့ ရည်ရွယ်ချက်တွေကတော့ ထီးလင်းမြို့နယ်အတွင်း အာဏာရှင်ဆန့်ကျင်ကာ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေကို စစ်အကြမ်းဖက်တွေ ရန်က ကာကွယ်ဖို့၊ အကြမ်းဖက်စစ်ကောင်စီကို နည်းပေါင်းစုံနဲ့ဆန့်ကျင်ခုခံဖို့၊ အကြမ်းဖက်စစ်အာဏာရှင်တော်လှန်ရေးကို အခြားမြို့နယ်တွေမှာရှိတဲ့ PDF အဖွဲ့တွေ၊ NUG/CRPH တို့နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024