ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နေ ပြည်သူတွေအနေနဲ့ မေ ၁၅ ရက်နေ့ကစပြီး မလိုအပ်ဘဲ အပြင်မထွက်ဖို့ လှိုင်သာယာမြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ HRDF က မေ ၁၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
မဖြစ်မနေအလုပ်သွားရမယ့် စက်ရုံအလုပ်သမားတွေနဲ့ မြို့နယ်နေပြည်သူတွေဟာ အလုပ်ကိစ္စကလွဲပြီး ညနေ ၄ နာရီနောက်ပိုင်း အပြင်မထွက်ဖို့ HRDF က တိုက်တွန်းပါတယ်။
လှိုင်သာယာမြို့နယ်ထဲက ဒလန်တွေနဲ့ စစ်ကောင်စီအုပ်ချုပ်ရေး ဒေါက်တိုင်တွေကို ရှင်းမှာဖြစ်တဲ့အတွက် ပြည်သူတွေ ထိခိုက်မိတာ မရှိအောင် အခုလို ကြေညာချက်ထုတ်တာလို့ HRDF မှာ ပါဝင်သူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် လှိုင်သာယာမြို့နယ်မှာ ကျဆုံးသူ ရာကျော်ရှိခဲ့ပြီး လူငယ် အများအပြားရိုက်နှက်ဖမ်းဆီးတာကို ခံထားရပါတယ်။