မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Patheingyi Township People Defence Forces ( Patheingyi) ကို ဖက်ဆစ်စစ်အာဏာရှင်ကို နည်းလမ်းမျိုးစုံနဲ့ တွန်းလှန်နေတဲ့ ပြည်သူတွေကို အခြေပြုပြီး မေ ၁၅ ရက်က စတင်ဖွဲ့စည်းလိုက်ပါတယ်။
ပုသိမ်ကြီးမြို့နယ်ရှိ ပြည်သူလူထုနဲ့ CDM မှာ ပါဝင်နေသူတွေကို ကာကွယ်အထောက်အပံ့ ပေးနေသူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုကို နည်းမျိုးစုံနဲ့ တွန်းလှန်နေသူတွေကို ကာကွယ်ပေးနိုင်ဖို့၊ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ပါးစေ လူတစ်စု(ဒလန်) နဲ့ ပျူစောထီးတို့အား နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်ဖို့၊ အကြမ်းဖက်စစ်ကောင်စီအား နည်းလမ်းမျိုးစုံနဲ့ တော်လှန်တိုက်ခိုက်ဖို့၊ အကြမ်းဖက်စစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေတဲ့ အခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နဲ့ ချိတ်ဆက်ပြီး စစ်အာဏာရှင်စနစ်ဆိုး အပြီးသက်ချုပ်ငြိမ်းဖို့ ကြိုးပမ်းဆောင်ရွက်သွားဖို့နဲ့ နိုင်ငံ့အာဏာကို ပြည်သူ့အစိုးရနဲ့ ပြည်သူ့လက်ထဲမှာသာ တည်ရှိစေဖို့ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။