လုံခြုံရေးတင်းကျပ်မှုတွေကြားထဲက ရန်ကင်းမြို့နယ်မှာ ဒီနေ့လုပ်တဲ့ ရန်ကုန်သပိတ်စစ်ကြောင်းက လူငယ် ၅ ဦးထက်မနည်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတယ်လို့ စစ်ကြောင်းမှာ ပါဝင်သူတချို့က ပြောပါတယ်။
သပိတ်စစ်ကြောင်းဟာ ရန်ကင်းမြို့နယ်ထဲမှာ မေ ၁၅ ရက် မနက် ၉ နာရီက ပြောက်ကျားစနစ်နဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး သပိတ်ပြီးလို့ လူစုခွဲချိန် ကံဘဲ့လမ်းပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေအပြင် အရပ်ဝတ်လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ။
အလားတူ ဒီနေ့မနက်မှာပဲ ရန်ကုန်မြို့ တခြားနေရာ ၂ ခုမှာ တကသ ကျောင်းသားတွေဟာ လည်း ပြောက်ကျားသပိတ်တွေ လုပ်သွားခဲ့ပါတယ်။