ဧရာဝတီတိုင်းအတွင်း CDM ကျောင်းအုပ် ၆၀ ကျော်ကို စစ်အုပ်စုက အလုပ်မှယာယီရပ်ဆိုင်း
DVB
·
May 14, 2021
ဧရာဝတီတိုင်းဒေသကြီးမှာ အာဏာဖီဆန် CDM ပြုလုပ်တဲ့ အထက်တန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ် ၆၁ ယောက်ကို မေလ၁၂ရက်နေ့မှာ စစ်အကြမ်းဖက်အုပ်စုက တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံတဝန်း အခြေခံပညာကျောင်းတွေမှာ စစ်ကျွန်ပညာရေးကို ဆန့်ကျင့်တဲ့ CDM ဆရာ ဆရာမတွေ အများအပြားလည်း အလုပ်ဖြုတ်ခံရတာ၊ ဖမ်းဆီး တရားစွဲခံရတာ တွေရှိနေပါတယ်။