ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့ ကညနရုံးမှာ မေလ ၁၄ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ရုံးဝင်းထဲမှာ ဒီနေ့ နေ့လည် ၁၂ နာရီလောက်မှာ ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာပဲ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေရောက်လာပြီး စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေအနှံ့အပြားမှာ ဧပြီလကုန်ပိုင်းကစတင်ပြီး ပေါက်ကွဲမှုတွေ နေ့စဉ်ဆိုသလိုဖြစ်ပေါ်နေသလို မေလ ၁၃ ရက် တရက်ထဲမှာ ပေါက်ကွဲမှု ၄ ကြိမ်ထိရှိခဲ့ပါတယ်။
Photo - CJ