ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်အတွင်း အခြေခံပညာကျောင်းတွေက ဆရာ ဆရာမ ၁၁၂ ယောက်ကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက အလုပ်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။
မင်္ဂလာဒုံမြို့နယ်က သင်ကြား၊ စီမံဝန်ထမ်း ဆရာ၊ဆရာမ ၁၁၂ ယောက်ဟာ တာဝန်ချိန်ပျက်ကွက်တာကြောင့် မေလ ၇ ရက်နေ့မှစပြီး အလုပ်မှယာယီရပ်ဆိုင်းလိုက်တယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ်က လက်မှတ်ထိုးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်း အခြေခံပညာကျောင်းတွေမှာ စစ်ကျွန်ပညာရေးကို ဆန့်ကျင့်တဲ့ CDM ဆရာ ဆရာမတွေ အများအပြားလည်း အလုပ်ဖြုတ်ခံရတာ၊ ဖမ်းဆီး တရားစွဲခံရတာ တွေရှိနေပါတယ်။