ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားသောလုပ်ရပ်တွေက အကာအကွယ်ပေးဖို့ သရက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မေလ ၁၂ ရက်နေ့က စတင် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
တရားမျှတရေး၊ လူ့အခွင့်အရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာစေရေးတို့အတွက် သရက်မြို့နယ် အတွင်းရှိ အလွှာပေါင်းစုံ ပါဝင်တဲ့ အမှန်တရားကို လိုလားတဲ့ အင်အားစုတွေစုပေါင်းပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ရေးကြီးတရပ်ကို ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။
သရက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ NUG ဖွဲ့စည်းလိုက်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ကြီးကြပ်မှုကိုခံယူပြီးတော့ ပြည်သူရဲ့သစ္စာကို ခံယူဆောက်တည်သွားမယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။