အကြမ်းဖက်စစ်ကောင်စီခန့်ထားတဲ့ မြဝတီမြို့နယ် ဖလူးကျေးရွာအုပ်စု အင်ကြင်းမြိုင်ကျေးရွာ ဥက္ကဋ္ဌ ဦးဖိုးဇော် အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဦးဖိုးဇော်အား စစ်အာဏာရှင် ဆန့်ကျင်ရေးအုပ်စုတစ်စုက မေ ၉ ရက်နေ့က လာရောက် ကြိုးတုပ်ဖမ်းဆီးပြီး ကားပေါ် တင်ခေါ်ဆောင်သွားခဲ့တာလို့ ဒေသခံတွေဆီက သိရှိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရသူ အင်ကြင်းမြိုင်အုပ်ချုပ်ရေးမှူး ဦးဖိုးဇော်ရဲ့ ရုပ်အလောင်းအား မေ ၁၃ ရက်နေ့က ဖလူးလေးကျေးရွာအလွန် မြဝတီ-ဝေါလေ သွားလမ်းဘေး သုံးထပ်ကွေ့အနီး သောင်ရင်းမြစ်ချောင်းထဲမှာ ပြန်တွေ့ရှိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီခန့် အင်ကြင်းမြိုင် အုပ်ချုပ်ရေးမှူး ဦးဖိုးဇော်ရုပ်အလောင်းအား မေ ၁၃ ရက်နေ့က အင်ကြင်းမြိုင် သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
အခု လပိုင်းတွေမှာ အကြမ်းဖက်စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ခန့်အပ်တာတွေ ပြုလုပ်နေပြီး အသတ်ခံရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။