ကျောက်ပန်းတောင်းမြို့မှာ မေလ ၁၃ ရက်နေ့ညက လက်လုပ်ဗုံး ၄ လုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မနေ ညနေ ၆ နာရီကျော်လောက်က အကြမ်းဖက်စစ်သူပုန်တွေတပ်စွဲခဲ့တဲ့ မြို့ရှေ့ကျောင်း (အထက) မှာ တစ်လုံး၊ မိနစ်ပိုင်းအကွာမှာ စစ်သူပုန်တပ်စွဲထားတဲ့ ပြည်သူ့ဆေးရုံမှာ တစ်လုံးနဲ့ စည်ပင်ရုံးမှာတစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ည ၁၀ နာရီကျော်က ဘူတာလမ်းဆုံမီးပွိုင်မှာလည်း တစ်လုံး ပေါက်ကွဲခဲ့ကာ ထိခိုက်မှုတော့မရှိဘူးလို မြို့ခံတစ်ယောက်က ပြောပါတယ်။
အဲဒီလိုပေါက်ကွဲခဲ့တဲ့နေရာတွေကို ည ၇ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး သေနတ်တွေပစ်ဖောက်သလို လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။