Home
မြန်မာသတင်း
ရွှေကူမြို့နယ်၌ ရိက္ခာတင်တွဲကား ၁ စီး ပစ်ခတ်ခံရပြီး ကားပေါ်ပါလာသူ ၁ ဦးသေဆုံး
DVB
·
May 12, 2021
185064379_932281824212439_3435112259813264267_n

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာအနီးမှာ မေလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်တွေအတွက် ရိက္ခာသယ်ဆောင်လာတယ်လို့ယူဆရတဲ့ ကုန်တင်တွဲကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး ကားပေါ်မှာပါလာသူ ၂ ဦးအနက် တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရသွားပါတယ်။

အဆိုပါပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာကို လက်တလောမှာ စစ်ကောင်စီရဲ့တပ်တွေက နေရယူထားပြီး လမ်းပိတ်ထားတာကြောင့် လးပိတ်ဆို့နေပြီး  သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ဗန်းမော်ဘက်ကို သယ်သွားတယ်လို့ ဒေသခံမျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။

ရွှေကူမြို့နယ်ဟာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်မြာက်ပိုင်း အစရှိတဲ့ဒေသ ၃ ခုရဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့မြို့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းရိက္ခာနဲ့ စစ်အင်အားများပို့ဆောင်ရာမှာ ရွှေကူမြို့နယ်ကို မဖြစ်မနေဖြတ်ပြီး ရေလမ်းနဲ့ ကုန်းလမ်း အဓိကထား ပို့ဆောင်နေကြတာဖြစ်ပါတယ်။

အခုရက်ပိုင်း ရွှေကူမြို့နယ်လမ်းကြောင်းကနေ ကချင်ပြည်နယ်ထဲကို စစ်ကောင်စီတပ်တွေရဲ့ စစ်လက်နက်နဲ့ရိက္ခာတွေကို ရေလမ်းနဲ့ကုန်းလမ်းကနေတင်ပို့နေတာတွေရှိနေပြီး ပစ်ခတ်တိုက်ခိုက်ခံရတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

ကုန်းလမ်းရေလမ်းကနေ နယ်မြေဖြတ်ကျော်သွားလာကြတဲ့ မော်တော်ယာဉ်တွေ အနေနဲ့  အတတ်နိုင်ဆုံး အမိုးအကာတွေဖွင့်ကာ နယ်မြေအပေါ်မူတည်ပြီး မှန်တွေချမောင်းပေးကြဖို့နဲ့ အခြေအနေအရ စစ်ဆေးခံရတဲ့အခါ ကြည်ဖြူစွာရပ်တန့်အစစ်ဆေးခံကြဖို့  ကေအိုင်အေက တိုက်တွန်းစာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024