မန္တလေးတိုင်း၊ မိုးကုတ်မြို့က ရေပူရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ အကြမ်းဖက်စစ်အုပ်စုက စစ်သား ၈ ယောက်ဝန်းကျင်နဲ့ တပ်ချထားပြီး အုပ်ချုပ်ရေးမှူးရုံးကို ပြန်ဖွင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေပူရပ်ကွက်အုပ်ချုပ်ချုပ်ရေးမှူးရုံးမှာ ပြည်သူတွေက စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို အလိုမရှိကြောင်းစာတွေ ကပ်ထားခဲ့ပြီး သော့တွေခတ်ထားခဲ့ပေမယ့် အကြမ်းဖက်စစ်အုပ်စုက တပ်ချထားပြီး ပြန်ဖွင့်နေတာလို့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိ အုပ်ချုပ်ရေးမှူးရုံးမှာ စစ်သားတွေနဲ့ အရင်က လုပ်ခဲ့ဖူးတဲ့ အုပ်ချုပ်ရေးမှုးဟောင်းတစ်ဦး ရုံးထိုင်နေတယ်လို့ သိရပါတယ်။