ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ပညာရေးမှူးရုံးအနီးမှာ မေလ ၁၀ ရက် ည ၈ နာရီလောက် မှာ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။
“ပေါက်ကွဲသံက အသံမိုင်းဖြစ်လောက်တယ်။ မြို့တွင်း မီးလည်း ပျက်နေတော့ သေချာမမြင်လိုက်ရဘူး” လို့ အနီးနားက ဒေသခံတစ်ဦးက ပြောပါတယ်။
မြို့နယ် ကြံ့ခိုင်ရေးပါတီရုံးနဲ့ ပညာရေးမှူးရုံးတည်ရှိရာလမ်းအနီး ပေါက်ကွဲခဲ့တာဖြစ်ပြီး တစ်စုံတစ်ရာထိခိုက်မှုရှိမရှိတော့ မသိရှိရသေးပါ။
ဝိုင်းမော်မြို့မှာ စစ်အာဏာသိမ်းမှုကို မလိုလားတဲ့ CDM ကျောင်းဆရာ ဆရာမတွေကို မြို့နယ်ပညာရေးမှူးက ဖိအားပေးတာခြိမ်းခြောက်တာတွေရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။