KIA ကို ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်အလိုမရှိကြောင်း မြစ်ကြီးနားတွင် ဆန္ဒပြ
DVB
·
May 10, 2021
ကချင်ပြည်နယ် မြစ်ကြီးနားမှာ KIA ကို ထောက်ခံကြောင်းနဲ့ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း မေလ ၁၀ ရက်နေ့မနက် ၈ နာရီက အထွေထွေသပိတ်အဖွဲ့နဲ့ ဒေသခံများ ပူးပေါင်းပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
မြစ်ကြီးနားမှာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း အရုဏ်ဦးသပိတ်နဲ့ ညသပိတ်တွေ၊ ပြောက်ကျားသပိတ်တွေ ပြုလုပ်ပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြနေကြတာပါ။