မိုးကုတ်မြို့မှာ ကျောက်မျက်တွင်း ပြိုကျပြီး ၅ ရက်ကြာပိတ်မိနေတဲ့သူတွေထဲက ၁ ဦးကို ဒီနေ့ ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိ ၄ ဦးအား ကယ်ဆယ်ရေး ဆက်လုပ်နေတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ ဘော်ဗဒန်းရွာမှာ မေလ ၄ ရက်နေ့က ကျောက်မျက် တူးဖော်ခဲ့တဲ့တွင်း ပြိုကျပြီး လူ ၅ ဦး ၅ ရက်ကြာ တွင်းထဲပိတ်မိနေတာလို့ လူမှုကူညီရေးအသင်းတစ်ခုက ပြောပါတယ်။
“မေလ ၄ ရက်နေ့က ခဲတွင်းပြိုကျပြီး လူ ၆ ယောက် ပိတ်မိသွားတာ၊ တွင်းဆရာတွေက ကူလိုက်တော့ အဲဒီနေ့မှာ တစ်ယောက် အသက်ရှင်ပြီး ပြန်လွှတ်လာတယ်။ ဒီနေ့ ကယ်ဆယ်ရေးတွေ ဆက်လုပ်တော့ တစ်ဦး အသက်ရှင်လျက် ပြန်လွတ်လာတယ်” လို့ DVB ကို ပြောပါတယ်။
ကျန် ၄ ဦးကတော့ တွင်းအနက်ပေ ၉၅၀ ဝန်းကျင်ထိ ရှိတဲ့ ခဲတွင်းမှာ ပိတ်မိနေပြီးတော့ ဒီကနေ့အထိ ကူညီကယ်ဆယ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
တွင်းက ဝင်ရောက်ဖို့ ခက်ခဲနေတာရယ်၊ အရမ်းနက်လွန်းတာကြောင့် သတိထားပြီး ကယ်ဆယ်ရေးတွေ ဆက်လုပ်နေရတယ်လို့ သိရပါတယ်။
တွင်းပိတဲ့နေရာကို မြတ်စေတနာ လူမှုကူညီရေးအသင်း၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ သန္ဓေမီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ ရွာသူရွာသားတွေက ပူးပေါင်းပြီး ကယ်ဆယ်နေတယ်လို့ သိရပါတယ်။