အာရှနိုင်ငံတွေအပေါ် တရုတ်ကြီးစိုးချုပ်ကိုင်နေမှုကို ဂျပန်ရောက် မြန်မာ၊ ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ဝီဂါ၊ တာဂျစ်စတန်၊ မွန်ဂို ၆ နိုင်ငံက နိုင်ငံသားတွေဟာ မေ ၉ ရက် နေ့လယ်ပိုင်းက တိုကျိုမြို့ရှိ ကုလသဂ္ဂရုံးရှေ့စုဝေးပြီး လူစည်ကားရာ ရှီဘူယအရပ်မှာ လှည့်လည် စီတန်းဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ဂျပန်လွှတ်တော်အမတ်များနဲ့ ဂျပန်အန်ဂျီအိုတွေပါဝင်ခဲ့ကြပြီး တရုတ်ရဲ့ အာရှတွင်းနိုင်ငံတွေအပေါ် ကြိုးကိုင်အမြတ်ထုတ်ကြီးထွားလာနေတာကို ဂျပန်အပါအဝင် နိုင်ငံတကာက စုပေါင်း စဉ်းစားအဖြေရှာနိုင်ဖို့ စုပေါင်းဆန္ဒပြကြတာလို့လည်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ ဦးမြင့်ဆွေက ပြောပါတယ်။
တိုကျို တရုတ်ဆန့်ကျင်ရေး စုပေါင်းန္ဒပြပွဲကို အာရှ ၆ နိုင်ငံက နိုင်ငံသား ၁၀၀၀ လောက် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
သတင်းဓာတ်ပုံ - ဇော်ဇော်လှိုင်