Home
မြန်မာသတင်း
နတ်မောက်တွင် အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှုကြောင့် ၂ ဦးဒဏ်ရာရပြီး ၇ ဦးဖမ်းဆီးခံရ
DVB
·
May 8, 2021
181450182_2579661635668615_8514074380381445564_n

နတ်မောက်မြို့နယ် သမျှားရွာမှာ မေလ ၈ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေတွေက မျက်ရည်ယိုဗုံးတွေ သေနတ်တွေနဲ့ပစ်ခတ်တာကြောင့် ၂ ယောက် ဒဏ်ရာရပြီး ၇ ယောက် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ပြည်သူကာကွယ်ရေးစစ်သားစုဆောင်းလို့ဆိုကာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေတွေကဘုန်းကြီးကျောင်းထဲ ဝင်ရောက်ရှာဖွေကာ အမျိုးသမီးတစ်ယောက်ကို ဖမ်းဆီးရာမှာ ဘုန်းကြီးတွေတားမြစ်တာကြောင့် ပြန်ထားခဲ့တယ်လို့ ဒေသခံတဦးက  ပြောပါတယ်။

အဲဒီလိုဖမ်းဆီးတာကြောင့် လူစုလူဝေးဖြစ်သွားတဲ့အချိန်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေတွေဟာ ရွာနဲ့တစ်မိုင်လောက်မှာရှိတဲ့ ပင်မစစ်လက်နက်တပ်နဲ့ ပူးပေါင်းအင်အား ၅၀ လောက်နဲ့ ပြန်ဝင်လာပြီး မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်တာကြောင့် ၂ ယောက်ဒဏ်ရာရရှိခဲ့ပြီး ၇ ယောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024