ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People Defence Force (Pyin Oo Lwin) ကို မေ ၇ ရက်က ဖွဲ့စည်းပြီးကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီတပ်ဖွဲ့ကို အကြမ်းဖက်စစ်ကောင်စီကို ပြင်ဦးလွင်မြို့နယ်မှာ နည်းပေါင်းစုံနဲ့ ဆန့်ကျင်ကာ မိမိတို့ရဲ့ ရပ်ရွာတွေကို ကာကွယ်ပေးနေသူတွေနဲ့ စတင်တည်ထောင်လိုက်တာပါ။
ပြင်ဦးလွင်မြို့နယ်နဲ့ အနီးဝန်းကျင်မှာ အာဏာရှင်ဆန့်ကျင်တဲ့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေကို စစ်အကြမ်းဖက်တွေရဲ့ အန္တရာယ်မှကာကွယ်ဖို့၊ CDM ဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ကာကွယ်ဖို့၊ အကြမ်းဖက်စစ်ကောင်စီအား ပြောက်ကျားစနစ်နဲ့ ဆန့်ကျင်ခုခံဖို့၊ အခြားမြို့နယ်တွေနဲ့ တော်လှန်ရေးအတွက် ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်ဖို့၊ NUG, CRPH တို့နဲ့ ချိတ်ဆက်ပြီး အာဏာရှင်စနစ်အကြွင်းမဲ့ ချုပ်ငြိမ်းရေးကို စနစ်တကျ ဖော်ဆောင်ဖို့ ဖွဲ့စည်းလိုက်တာလည်း ဖြစ်ပါတယ်။
ပြင်ဦးလွင်မြို့နယ်မှာ ပြည်သူလူထုကို ကာကွယ်ပေးပြီး အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသူတိုင်းသည် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။