မြန်မာစစ်အာဏာရှင်ရဲ့ အကြမ်းဖက်ရက်စက်တာတွေကို ဂျပန်ပြည်သူတွေ သိအောင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ကီချီဂျိုဂျီဘူတာမြောက်ဘက်ဝင်ပေါက်မှာ မေလ ၈ ရက်နေ့မနက်ပိုင်းက ဂျပန်ရောက်မြန်မာလူငယ်တွေ လက်ကမ်းစာစောင်ဝေငှခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်မှုတွေနဲ့ မြန်မာပြည်သူတွေရဲ့အခက်အခဲတွေကို ဂျပန်နဲ့ တကမ္ဘာလုံးက ပိုပြီးသိနိုင်အောင် ဂျပန်ရောက်မြန်မာလူငယ်တွေက ကြိုးစားနေတာပါ။
ဂျပန်နယ်မြေရဲစခန်းရဲ့ ခွင့်ပြုချက်နဲ့ အခုလို လက်ကမ်းစာစောင်တွေဝေတာဖြစ်ပြီး CDM ဝန်ထမ်းတွေနဲ့ CRPH တို့ကို ပံ့ပိုးနိုင်ဖို့ အလှူငွေတွေလည်း ကောက်ခံခဲ့ပါတယ်။ ရရှိတဲ့ အလှူငွေတွေကို ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေကတဆင့် လှူဒါန်းမယ်လို့ မြန်မာလူငယ်တွေက ပြောပါတယ်။
လက်ကမ်းစာစောင်ဝေပြီး အလှူငွေကောက်ခံတာ၊ ငြိမ်းချမ်းစွာဆန္ဒပြတာတွေကို ဂျပန်ရောက်လူငယ်တွေက အပတ်စဉ် စနေနေ့တိုင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
Photo/News သီဟဖေအောင်