Home
မြန်မာသတင်း
ကနီမြို့နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူ‌များ အရေးပေါ်အကူအညီလိုအပ်နေ
DVB
·
May 7, 2021
3
1
2
183720254_10159042824607305_4159445414677693071_n
183699706_10159042825142305_1187116654512785654_n
183672347_10159042825017305_144729146805632198_n
183407406_10159042824212305_419056871234833865_n
183377956_10159042823862305_5311208241018775993_n
183229400_10159042825902305_2280067560389884872_n
183076021_10159042825402305_2104575509714542906_n
183045052_10159042824142305_1998549345082899463_n
182956504_10159042825292305_3185747086870298241_n
182943510_10159042824927305_3900571153828367990_n
182926919_10159042824327305_8252092255528931113_n
182863228_10159042825512305_5498332630492194092_n
182842286_10159042824482305_1533291804485212176_n
182802336_10159042825667305_3010907322879101108_n

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း စစ်ကောင်စီအကြမ်းဖက်တပ်တွေက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်  ကျေးရွာ ၄၀ ကျော်လောက်က ထောင်နဲ့ချီတဲ့ရွာသားတွေ နေအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး  စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့  တခြား အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

တိုက်ပွဲရှောင်ပြည်သူ‌တွေအတွက် မေလ ၆ ရက်နေ့က ဆေးဝါး၊ ဆန်၊ ဆီ၊ ပဲ၊ မိုးကာ၊ အဝတ်အထည်၊ ခြင်‌ထောင်၊ ငါး‌သေတ္တာ၊‌ ခေါက်ဆွဲထုပ်တွေကို အလှူရှင်တွေကိုယ်စားသွားရောက် လှူဒါန်းပေခဲ့တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“အခုကျနော်တို့ ကနီမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ရွာထဲမှာရှိတဲ့လူတွေကို သေနတ်တွေနဲ့ လိုက်ပစ်နေတာ။ ပြည်သူတွေကြောက်လို့ သူတို့နေအိမ်တွေ စွန့်ခွာပြီး တောထဲမှာနေထိုင်ကြတယ်။ ကျေးရွာပေါင်း ၄၀ လောက်ရှိတယ်။ အခုလိုနေထိုင်တော့ အခက်အခဲတွေရှိတယ်။ စားရေးသောက်ရေး ပိုပြီးခက်ခဲလာတယ်။ ကျနော်တို့  ပြည်သူတွေ နိုင်တဲ့ဘက်ကနေ ကူညီနိုင်ခဲ့တယ်”။

ကနီမြို့နယ်က တိုက်ပွဲရှောင် ပြည်သူအများစုက အမျိုးသမီးနဲ့ ကလေးသူငယ်တွေဖြစ်ပြီး အသက်အရွယ်ကြီးရင့်သူ၊ ကိုယ်ဝန်ဆောင်နဲ့  နို့တိုက်မိခင်တွေ၊ ကျန်းမာရေးမကောင်းသူတွေလည်း ပါဝင်ပြီး ရေးတကြီး လိုအပ်ချက်တွေကတော့  ဆန်၊ သောက်သုံးရေ၊ အမိုးအကာ၊   အစားအစာနဲ့ ဆေးဝါးလိုအပ်ချက် များစွာရှိနေတယ်လို့ဆိုပါတယ်။ 

လတ်တလော ကနီမြို့နယ်ထဲမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲကလည်း ပြင်းထန်နေဆဲဖြစ်ပြီး ကားလမ်း၊ ရေလမ်းတို့ကနေ ခရီးသွားလာတာတွေမလုပ်ဖို့  သတိပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်တွေက ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတွေကို ဧပြီလကတည်းက ဝင်ရောက်ပြီး အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမှုတွေကြောင့် ရွာသားတွေ ဘေးလွတ်ရာ တောတွင်းနေရာတွေအထိ  ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ 

ရွာမှာကျန်ရှိတဲ့ သူအများစုဟာ သတင်းပေး ဒလန်နဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေသာများပြီး တချို့ ရွာတွေကတော့ ကျေးရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံရွာသားတွေထံက သိရပါတယ်။ 

ရွာထဲဝင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေဟာ ကျေးရွာများရှိ အဖိုးတန်ပစ္စည်းတွေ ခိုးယူတာ၊ ကြက်၊ ဝက်နဲ့  အစားအစာတွေ သတ်စားတာတွေ လုပ်ဆောင်ကြကြောင်းလည်းရွာသားတွေက ဆိုပါတယ်။

ရွာသားတွေဟာ ကျေးရွာရှိ နေအိမ်တွေကို ပြန်လည်နေထိုင်မယ်ဆိုပါကလည်း  အကြမ်းဖက် စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်မယ့် အန္တရာယ်ရှိလို့ စိုးရိမ်ကြောက်လန့်နေကြပါတယ်။

ဒါ့အပြင် နေအိမ်တွေမှာရှိတဲ့ ပစ္စည်းတွေခိုးယူခံရတာနဲ့ အိမ်မွေးတိရိစ္ဆာန် ကြက်ဝက်တွေ သတ်စားသွားတာ ဆန်နဲ့  အစာအစားတွေ ယူဆောင်ခိုးယူခံခဲ့ရလို့ အစားအသောက် အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

ဒေသခံအများပြည်သူတွေရဲ့ ခရီးသွားလာတာနဲ့ ကုန်စည်စီးဆင်းသယ်ယူတာတွေကိုလည်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့က မုံရွာနဲ့ လာပို (ကနီမြို့နယ်)အကြား  စစ်ဆေးရေးဂိတ်တွေ ဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေပါတယ်။

အခုအချိန်ဟာ မိုးဦးကာလဖြစ်လို့ ရွာသားတွေဟာ  အမိုးအကာ အခက်အခဲ၊ အစားအစာ အခက်အခဲ အထူးသဖြင့် စားစရာ ဆန်လိုအပ်နေသလို  ၊ နေ့အပူလွန်ကဲတဲ့အတွက် နေမကောင်းဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားတာ၊  သက်ကြီးရွယ်အိုတွေ အမောဖောက် သေဆုံးတာနဲ့  ကလေးငယ်တွေ အပူလျှပ် သေဆုံးတာတွေရှိတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024