ရန်ကုန်မြို့ ဗိုလ်တထောင်ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်က အရာထမ်းနဲ့ အမှုထမ်း ၄၁ ဦးကို အာဏာသိမ်းစစ်ကောင်စီက မေလ ၃ ရက်နေ့ကစပြီး တာဝန်ကနေ ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။
သူတို့ဟာ အာဏာလုစစ်ကောင်စီကို အကြမ်းမဖက်အာဏာဖီဆန်ရေး ကျောင်းမတက် လှုပ်ရှားမှု ပြုလုပ်တဲ့အတွက် တာဝန်မှယာယီရပ်ဆိုင်းလိုက်တာလို့ CDM မပြုလုပ်တဲ့ လက်ရှိကျောင်းအုပ် ဒေါက်တာတင်တင်ထွေးက မေလ ၆ ရက်နေ့က လက်မှတ်ထိုးပေးလိုက်တာပါ။
တာဝန်ကရပ်ဆိုင်းခံရသူတွေထဲမှာ ပါမောက္ခ၊ ကထိကတွေအပြင် စာရေးနဲ့စာရင်းကိုင်တို့ပါ ပါဝင်ပါတယ်။
ဒီကောလိပ်ဟာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ CDM ကောလိပ်ဖြစ်ပြီး မေလ ၅ ရက်နေ့က ကျောင်းပြန်ဖွင့်လှစ်တဲ့အခါ တက်ရောက်သူ ကျောင်းသူ ၂ ဦးသာ ရှိခဲ့ပါတယ်။