တနင်္သာရီတိုင်း၊ လောင်းလုံးမြိုနယ်၊ စစ်ပြဲရွာ စာသင်ကျောင်းတွေမှာကပ်ထားတဲ့ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း စာရွက်တွေကို အကြမ်းဖက် စစ်ကောင်စီရဲ့ အရပ်ဝတ် တပ်သားအချို့က မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
လမ်းဘေးဓာတ်တိုင်တွေနဲ့ စာကြည့်တိုက်တွေမှာ ကပ်ထားတဲ့ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ရေးသားထားတဲ့ စာရွက်တွေကိုလည်း ဆုတ်ဖြဲဖျက်ဆီးသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဆန္ဒပြသူတွေနဲ့ စာရွက်ကပ်ထားသူတွေကိုလည်း တွေ့ရင်အကုန်ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် CDM လုပ်ထားသူတွေနဲ့ ဆန္ဒပြသူတွေကို အရပ်ဝတ် အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့က မေ ၆ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ လာရောက် ခြိမ်းခြောက်ဆဲဆိုသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။