ဝိုင်းမော်မြို့နယ်၌ ဆီဘောက်ဆာကား ၁ စီး ပစ်ခတ်ခံရ
DVB
·
May 6, 2021
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအဝင် လွယ်ဂျော်လမ်းခွဲမှာ မေလ ၅ ရက် ညနေ ၅ နာရီလောက်က ဆီဘောက်ဆာကား တစ်စီး သေနတ်နဲ့ ပစ်ခတ်ဖျက်ဆီးခံရပြီး ယာဉ်မောင်းအပါအ၀င် ကားသမား ၂ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပစ်ခတ်မှုပြီးနောက် ဝိုင်းမော်ဘက်မှ လူနာတင်ယာဉ်တွေ ချက်ချင်းသွားလိုက်တာတွေ့တယ်လို့ ဝိုင်းမော်ဒေသခံတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။
သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာတော့ အသေးစိတ်မသိရသေးပါဘူး။