လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးအပါအဝင် ပြည်ထောင်စုဝန်ကြီး ၂ ဦးနဲ့ ပြည်ထောင်စု ဒုဝန်ကြီး ၄ ဦးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထပ်မံတိုးချဲ့ခန့်အပ်လိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်တဲ့ အာဏာကို ကျင့်သုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ခုလိုခန့်အပ်လိုက်တာလို့ မတ်လ ၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။
အသစ်ခန့်အပ်လိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ၂ ဦးကတော့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတို့ ဖြစ်ပါတယ်။
ပြည်ထောင်စု ဒုဝန်ကြီး ၄ ဦးကတော့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ဘဟန်းထန်၊ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးဂျော်နီ၊ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီး Mrs ခေါင်နော တို့ ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖွဲ့စည်းလိုက်တဲ့ ဌာန အသစ်လည်းဖြစ်ပါတယ်။