Home
မြန်မာသတင်း
ဝက်လက်မြို့၌ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြပြည်သူ ၈ ဦး ကျည်ထိမှန်၊ ၂ ဦးသေဆုံး
DVB
·
May 2, 2021
wat

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့မှာ မေလ ၂ ရက် မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်တွေရဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ပြည်သူ ၈ ဦး ကျည်ဆန်ထိမှန်ခဲ့ပြီး ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဝက်လက်မြို့မှာ ရက်အတန်ကြာရပ်နားထားတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဟာ ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးနေ့အဖြစ် ဒီနေ့မနက်  စတင်ချီတက်ဆန္ဒပြဖို့ စုဝေးနေကြစဉ် စစ်ကောင်စီရဲ့ရဲလုံခြုံရေးတပ်ဖွဲ့က လူငယ် ၄ ဦးလောက်ကို ဖမ်းဆီးခဲ့ပါတယ်။ 

ဒါကြောင့် ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြလူထုက သွားရောက်တောင်းဆိုခဲ့ရာမှာ ရဲကသေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် အသက် ၄၂ နှစ်အရွယ် ဦးဇော်ဦးက ကျောကနေ ဗိုက်အထိကျည်ဖေါက်ထွက်ဒဏ်ရာနဲ့သေဆုံးခဲ့သလို အသက် ၂၂ နှစ်အရွယ် ကိုမင်းဇင် ကတော့ ဦးခေါင်း ကျည်ထိမှန်ဒါဏ်ရာနဲ့ နေရာမှာတင် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ရာဘာကျည်ထိမှန်ပြီး ကျည်စိုက်ဝင်နေသူတွေကတော့ အသက်အန္တရာယ်စိုးရိမ်စရာ မရှိရဘူးလို့သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024