စစ်အာဏာရှင်ပြုတ်ကျရေး မြစ်ကြီးနားတွင် မိုးရေထဲ ဆက်လက်ဆန္ဒပြ
DVB
·
May 2, 2021
စစ်အာဏာရှင်အလိုမရှိကြောင်း မြစ်ကြီးနားမှာ မေလ ၂ ရက်နေ့မနက်က မြစ်ကြီးနားအခြေစိုက်ကျောင်းသားသမဂ္ဂများသပိတ်၊ ပင်မသပိတ်နဲ့ အထွေထွေသပိတ်များ ပူးပေါင်းပြီး မိုးရေထဲမှာ ဆက်လက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့က ရပ်ကွက်တွေထဲမှာ ဒီနေ့မနက်ကလည်း အရုဏ်ဦးသပိတ်နဲ့ ပြောက်ကျားသပိတ်များပြုလုပ်ပြီး စစ်အာဏာရှင်ကိုအလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။