ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အခြေခံပညာအထက်တန်းကျောင်းတွေက စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ တက်ကြွလူငယ်တွေက ကျောင်းမတက်ရေး ကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။
ဦးဆောင်သူ လူငယ်တစ်ဦးက "ဒီနေ့ ကမ်ပိန်း ပြုလုပ်ရခြင်းက စစ်ကျွန်ပညာရေးစနစ်အောက်မှာ ပညာမသင်ကြဖို့၊ ကျောင်းသား၊ ကျောင်းသူ၊ မိဘပြည်သူတွေ အနေနဲ့ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက ကျောင်းတက်ဖို့ဖိတ်ခေါ်လာတဲ့အပေါ် လုံး၀လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခြင်းဖြစ်တယ်” လို့ ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း CDM လှုပ်ရှားမှုမှာပါ၀င်တဲ့ ပညာရေး၀န်ထမ်းတွေကို စစ်ကောင်စီဘက်မှ ဖိအားအမျိုးမျိုးပေးကာ CDM မလုပ်ဖို့ စည်းရုံးမှု အမျိုးမျိုးလုပ်ဆောင်နေကြောင်း သိရပါတယ်။