ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ ကောင်းစံဆေးခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဓာတ်ခွဲ ကျွမ်းကျင် ဝန်ထမ်း ၂ ဦးကို ဧပြီ ၂၇ ရက် ညနေ ၆ နာရီခွဲလောက်မှာ အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူ ဒေသခံတွေက ပြောပါတယ်။
"မူဆယ် ကောင်းစံ ဓာတ်ခွဲခန်းကို စစ်သားတွေက ဝင်ဖမ်းတယ်။ နှစ်ယောက်ဖမ်းသွားပါတယ်။ ဓာတ်ခွဲ ရောဂါရှာဖွေရေး ဆရာစိုင်းစိုင်းမောင်နဲ့ ဓာတ်မှန်ဆရာမ တစ်ယောက်။ ပေါင်း နှစ်ယောက်ပါ။" လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့ ဒေသခံ တဦးက ပြောပါတယ်။
ဖမ်းဆီးခံရချိန်အနီးနားမှာ ရှိနေတဲ့ မျက်မြင် နောက်တစ်ဦးက "ဆေးရုံရှေ့က ကောင်းစံ ဆေးခန်းကို ရဲတွေ အရပ်ဝတ်တွေနဲ့ ဝိုင်းထားတယ်။ ကား ၄ စီးနဲ့ အကုန် ပိတ်ထားတယ်။" လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ ဆရာစိုင်းစိုင်းမောင်ကတော့ ဓာတ်ခွဲ ကျွမ်းကျင်သူ ဖြစ်ကာ လက်ရှိ မူဆယ်ဆေးရုံအနီးမှာ ရောဂါရှာဖွေရေး ဆေးခန်းဖွင့်ထားပြီး ဆရာမကတော့ ဓာတ်ခွဲခန်းအကူ ဖြစ်ပါတယ်။
သူတို့ ၂ ဦးကို စစ်အုပ်စုက ဘာကြောင့် ဖမ်းသွားတယ်ဆိုတာနဲ့ လက်ရှိ ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာတော့ မသိရသေးပါဘူး။
Photo Crd# CJ