Home
မြန်မာသတင်း
ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး
DVB
·
April 27, 2021
178672568_10222362236858153_2882873854092457292_n
177630396_10222362236338140_3309133049648813179_n
176550769_10222362236618147_3933692966668238146_n
176378893_10222362237218162_5078098168948260755_n
176334586_10222362235658123_3536330472554509022_n
176170405_10222362237978181_9047449976256503046_n
175667113_10222362236058133_2504266080385420453_n

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ၆ မိုင်ကျေးရွာမှာ ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က ဆန္ဒပြ ပြည်သူတွေ တားဆီးထားတဲ့ အတားအဆီးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်းအားအများအပြားနဲ့ သွားရောက်ဖယ်ရှားပြီး ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ သိရပါတယ်။

အတားအဆီးတွေကို ရွာသားတွေက မဖယ်ရှားဖို့ သွားညှိနှိုင်းခဲ့ရာမှ တင်းမာမှုဖြစ်ပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွင်းခဲ့တာလို့ ရွာသားတဦးက ပြောပါတယ်။ 

သေဆုံးသူမှာ ၆ မိုင်ကျေးရွာ ကယောပိုင်းက အသက် ၅၀ ကျော်အရွယ် ဦးပေါလု​​ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် အနီးနားက နေအိမ်တချို့နဲ့ ဆိုင်ကယ်ကားတွေလည်း ကျည်ထိပျက်စီးတာတွေရှိတယ်လို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024