မန္တလေးတိုင်း မိတ္ထီလာမြို့မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က အရာရှိ ၂ ဦး စကားများရာက သေနတ်နဲ့ အချင်းချင်းပစ်ခတ်မှု ဖြစ်ခဲ့ပြီး တစ်ဦး သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဧပြီ ၂၅ ရက်ညက တပ်ရင်း ၃၁၅ မှ ဗိုလ်မှူးဝဏ္ဏဌေးနဲ့ တပ်မ ၉၉ က ဗိုလ်ကြီးကောင်းမြတ်သွင်တို့ နှစ်ဦး မိတ္ထီလာမြို့ အမှတ်(၂) ရဲစခန်းရှေ့မှာ စကားများရာက ဗိုလ်မှူးဝဏ္ဏဌေးက ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ရာ ဗိုလ်ကြီးကောင်းမြတ်သွင် ထိမှန်ခဲ့တာပါ။
ဗိုလ်ကြီးကောင်းမြတ်သွင်ဟာ သေနတ်ဒဏ်ရာကြောင့် မိတ္ထီလာတပ်မတော်ဆေးရုံမှ နေပြည်တော်တပ်မတော်ဆေးရုံကို ပြောင်းရွေ့ဆေးကုသခံရင်း ဧပြီ ၂၆ရက်မှာသေဆုံးသွားခဲပြီး ဗိုလ်မှူးဝဏ္ဏဌေးကိုတော့ တပ်မတော်အချုပ်မှာ ထိန်းသိမ်းထားတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ မြို့ခံ တစ်ဦးထံက သိရပါတယ်။