မန္တလေးမြို့အနှံ့မှာ မန္တလေးမြို့အခြေစိုက် တကသကျောင်းသားတွေက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် (ခ) မအလအား ဖမ်းပေးနိုင်သူကို ၉၉ ပြား ပေးမယ်လို့ ဧပြီ ၂၄ ရက် ညနေပိုင်းက ဝရမ်းထုတ်လိုက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်အား ဖမ်းဝရမ်းကပ် လှုပ်ရှားမှုမှာ ပါဝင်သူတစ်ဦးက "အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICJ၊ ICC အပါအဝင် အကုန်လုံးက အလိုရှိနေချိန်မှာ ပြည်သူတွေအနေနဲ့ကလည်း ရာဇဝတ်ကောင် အာဏာသိမ်းစစ်ခေါင်းဆောင်ကို အလိုရှိတယ်၊ အာဏာသိမ်းစစ်ခေါင်းဆောင်ကို တစ်ကျပ်တောင် မတန်ပဲ ပြား ၉၀ ပဲ သတ်မှတ်ထားတယ်၊ ပြား ၉၀တန် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ၉ ပြား ပိုပေးပြီးတော့ ဖမ်းပေးနိုင်သူကို ၉၉ ပြားပေးမယ်ဆိုပြီး ဝရမ်းထုတ်တာပါ။ အချိန်မရွေး ပြည်သူတွေအနေနဲ့ ဖမ်းဆီးနိုင်တယ်ဆိုတဲ့အကြောင်း အသိပေးတဲ့အနေနဲ့ အခုလိုလုပ်တာပါ" လို့ DVB ကို ပြောပါတယ်။