Home
မြန်မာသတင်း
ရွှေကူမြို့တွင် ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွား
DVB
·
April 22, 2021
176127884_920587472048541_1641632950532349374_n
176080536_920587428715212_6516188482875214010_n
177305200_920587575381864_7285296906211922206_n
177223467_920587535381868_1293316253497901864_n

ကချင်ပြည်နယ် ရွှေကူမြို့မှာ ဧပြီ ၂၂ ရက် ည ၈ နာရီလောက်က  လက်နက်ကြီးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကူမြို့ ထွေအုပ်ရုံးဝင်းထဲမှာရှိတဲ့ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)နဲ့ အမှတ် ၂ စျေးထိပ် ၃၇ လမ်းထောင့်တို့မှာ ၁၀ မိနစ်လောက်ခြားပြီး ၂ ကြိမ်ပေါက်ကွဲခဲ့တာပါ။

မြေကြီးတုန်ခါတဲ့အထိ ပေါက်ကွဲမှုပြင်းထန်တာကြောင့် အနီးရှိ လူနေအိမ်နဲ့ အဆောက်အအုံ တချို့က မှန်တွေကွဲသွားတယ်လို့ သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်မှာ  ချိန်ကိုက်မိုင်းလို့ ခန့်မှန်းထားကြပြီး ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာ စုံစမ်းဖော်ထုတ်နေဆဲဖြစ်ပြီ လူတွေထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024