ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးကြောင်း ဗန်းမော်လူမှုကွန်ရက်ကနေ ဧပြီ ၂၁ ရက်မှာ ကြေညာလိုက်ပါတယ်။
ဗန်းမော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ တာဝန်ခွဲဝေမှုတွေပြုလုပ်ကာ လုပ်ငန်းစဉ်တွေစတင် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့လည်း အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဗန်းမော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) နဲ့ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRKH) တို့ရဲ့ လမ်းညွှန်မှုကို ခံယူကာ ဗန်မော်မြို့နယ်အတွင်း လုံခြုံရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ လည်းဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့တဲ့ မလွှေးရွှေမြင့်၊ ကိုမျိုးသက်ကျော်နဲ့ ကိုသားညီညီတို့အတွက်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မိသားစုနဲ့ထပ်တူ များစွာစိတ်မကောင်းဖြစ်ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိကဝန်ထမ်းတွေနဲ့
အလှူရှင်တွေအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းနဲ့ အရေးတော်ပုံအောင်မြင်မှုရတဲ့အထိ ပါဝင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။