တာမွေမြို့နယ် အန်အယ်လ်ဒီရုံးနှင့် ရုံးပိုင်ကား ၁ စီး မီးရှို့ဖျက်ဆီးခံရ
DVB
·
April 21, 2021
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် အန်အယ်လ်ဒီပါတီရုံးနဲ့ ရုံးပိုင်ကား တစ်စီး ဧပြီ ၂၁ ရက် မနက်အစောပိုင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ရုံးအဆောက်အအုံတစ်ခုလုံး မီးမလောင်ခဲ့ပေမယ့် ကားကတော့ တစ်စီးလုံးမီးလောင်ပျက်စီးသွားခဲ့ပါတယ်။
အရပ်ဝတ်အကြမ်းဖက်လူတစ်စုက ဝင်ရောက်မီးရှို့ဖျက်ဆီး သွားခဲ့တာလို့ ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။