လှိုင်သာယာမြို့နယ်၌ လူငယ်များ အရုဏ်ဦး ပြောက်ကျားသပိတ်လုပ်
DVB
·
April 20, 2021
ရန်ကုန်မြို့မှာ အကြမ်းဖက်တပ်တွေက စောင့်ကြည့်ဖမ်းဆီးတာတွေရှိတဲ့ကြားက လှိုင်သာယာမြို့နယ်ကလူငယ်တွေက ဒီကနေ့မနက် စစ်အာဏာရှင်ဆန့်ကျင်ရေးအနေနဲ့ အရုဏ်ဦးသပိတ်နဲ့ ဆိုင်ကယ်စီးပြောက်ကျားသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်တိုင်းမှာ လှိုင်သာယာမြို့နယ်အပါအဝင် ၅ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ၆ ကြေညာထားပေမဲ့ ဒေသခံလူငယ်တွေကတော့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေကို နေ့စဉ်ပုံစံအမျိုးမျိုးနဲ့ ဆက်လက်ပြုလုပ်နေပါတယ်။
Photo - HTY Info