ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်က တကောင်းဘုရားအနီး လူနေရပ်ကွက်ထဲမှာ ဧပြီ ၁၈ ရက် ည ၉ နာရီဝန်းကျင်လောက်က စစ်တပ်က သေနတ်သံ ၁၀ ချက်လောက် ပစ်ဖောက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တကောင်းဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ရန်စပြီး ထွက်ပြေးသွားတဲ့ အရက်သမား ၁ ဦးကို စစ်သား အယောက် ၃၀ လောက်ဝိုင်းလိုက်ရင်း သေနတ်တွေနဲ့ ဝိုင်းပစ်ကြတာဖြစ်နိုင်တယ်လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။
ရန်စတဲ့ အရက်သမားက လွတ်မြောက်သွားတဲ့အတွက် လမ်းတွေက အိမ်တွေကို ဆဲဆိုပြီး လမ်းမကြီးအတိုင်း ပစ်ခတ်သွားသလို ပြည်သူတွေကို အော်ဟစ်ဆဲဆိုခြိမ်းခြောက်တာတွေလည်း ပြုလုပ်သွားတယ်လို့ သိရပါတယ်။
ဧပြီလ ၁၆ ရက်နေ့ကလည်း တကောင်းဘုရားမှာတပ်စွဲထားတဲ့ စစ်သားအချင်းချင်းစကားများပြီး သေနတ်ပစ်ဖောက်တာတွေ ရှိခဲ့ပါတယ်။