မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်မှာ ဧပြီ ၁၄ ရက် ညပိုင်းက ဓားထိုးမှု ဖြစ်တဲ့အတွက် လူနာသွားကောက်တဲ့ နိဗ္ဗာန်သုခ လူမှုကူညီရေးအသင်းကားကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
နိဗ္ဗာန်သုခ လူမှုကူညီရေးအသင်းက ယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက် ၂ ဦးအပြင် လူနာကို ကားပေါ်က ဆွဲချပြီး ဖမ်းသွားတာဖြစ်ပါတယ်။
ဧပြီ ၁၁ ရက် နေ့ကလည်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းက အသင်းသား ၆ ဦးကို လူနာသွားပို့နေတဲ့အချိန် ဖမ်းဆီးခံခဲ့ရပါယ်။ ဖမ်းဆီးခံရသူ ၆ ဦးအနက် ၃ ဦးမှာ အသက်မပြည့်သေးတာကြောင့် ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ၃ ဦးကို ညမထွက်ရအမိန့် ဖောက်ဖျက်တာကြောင့် ထောင်ဒဏ် ၃ လ ချခဲ့တယ်လို့ သိရပါတယ်။