ရန်ကုန် အလုံသပိတ် ဖြိုခွင်းဖမ်းဆီးခံရ
DVB
·
April 12, 2021
အလုံမြို့နယ်က လူငယ်တွေ ဦးဆောင်ပြီး ဒီနေ့ စစ်အာဏာရှင် အလိုမရှိ၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ လုပ်ရပ်တွေဟာ ရှက်ဖွယ်ဖြစ်ကြောင်း၊ R2P ကို ထောက်ခံကြိုဆိုပြီး အခုချိန်ထိ မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်ခဲ့ကြတဲ့ နိုင်ငံတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
ပြီးတော့ စည်းလုံးခြင်းအတွက် သီချင်းတပုဒ်ကို ဆိုနေကြတုန်း ရဲကား ၄ စီးနဲ့ ရဲတွေ လာရောက်ဖြိုခွဲခဲ့ပြီး အနည်းဆုံး ၂ ယောက် ဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။